Friday, September 2, 2016

ဓမ္မပဒအဖော်မွန် Facebook page


facebook page တွင် ဓမ္မပဒအဖော်မွန် ဖတ်ရှုရန်
(ဖုန်းဖြင့်)

m.facebook.com/dhammapada4u/

m.facebook.com/ashin.nyana.vara.parami/

facebook page တွင် ဓမ္မပဒအဖော်မွန် ဖတ်ရှုရန်
(ကွန်ပြူတာဖြင့်)
https://www.facebook.com/dhammapada4u/

https://www.facebook.com/ashin.nyana.vara.parami/

ဓမ္မပဒအဖော်မွန်လိုဂိုအကြောင်း

ဓမ္မပဒအဖော်မွန် logo အကြောင်း

ကိုယ်ပိုင် logo လေးတစ်ခု မှတ်မှတ်သားသား သုံးတော့မယ်လို့ စဉ်းစားနေတာ ကြာပါပြီ။
စိတ်ကူးအကြမ်းထည်က ကြာပွင့်ဖူးလေးကိုကိုင်ရင်း လက်အုပ်ချီထားတာရယ်၊ (၂၄)ပစ္စည်းစက်ဝိုင်းရယ် ဒီနှစ်ခုကို ပေါင်းစပ်ထားတဲ့ပုံလို့ စဉ်းစားထားခဲ့ပါတယ်။
'' လက်အုပ်တစ်ကြိမ်၊ ဦးနှိမ်တစ်ချ၊ တစ်ပွင့်မျှပန်း၊ မြေမှုန့်ဆွမ်းကို လှူဒါန်းကာမျှဖြင့် ကြီးကြယ်ဖွံ့ဖြိုး၊ တောင့်တတိုင်းသော အကျိုးကို ပေးစွမ်းနိုင်တော်မူပေသော မြတ်စွာဘုရား၊ မြတ်စွာဘုရား " ဒီစာလေးက ဦးဇင်းတို့ ဘုရားဝတ်တက်တိုင်း ရွတ်ရတာပါ။ ကြာပွင့်ဖူးလက်အုပ်ချီပုံလေးကလည်း ဦးဇင်းတို့ကျောင်းရဲ့ ဝတ်ပြုစာအုပ်မျက်နှာဖုံးကပါ။ ဓမ္မစာရေးတယ်ဆိုတာ မြတ်ဗုဒ္ဓကို ပူဇော်ခြင်းတို့ မှတ်ယူပြီး ဒီပုံလေးကို ယူသုံးထားတာပါ။
ပဋ္ဌာန်းစက်ဝိုင်းကတော့ ဦးဇင်းကိုင်နေတဲ့ ယပ်တောင်က စက်ဝိုင်းပုံစံပါ။ ဓမ္မစာရေးတာက ယပ်တောင်လို အပူဝေး အေးမြပါစေ ဆိုတဲ့ သဘောနဲ့ပါ။ မြတ်ဗုဒ္ဓလက်ထက်မှာ ကတည်းက တရားဟောရင် ယပ်ကိုင်တဲ့အလေ့အထလည်း ရှိခဲ့ပါတယ်။ အစက နိုင်ငံတကာမှာ အသုံးများတဲ့ တရားစက်ဝိုင်းကို သုံးမလို့ စဉ်းစားခဲ့ပေမယ့် မြန်မာမှာ အသုံးများတဲ့ (၂၄)ပစ္စည်းစက်ဝိုင်းကိုပဲ မြန်မာဆန်ဆန်သုံးလိုက်ပါတယ်။ ပဋ္ဌာန်းစက်ဝိုင်းမြင်ရတဲ့အခါ အရာရာဟာ အကြောင်းနဲ့အကျိုးသာရှိတယ်။ အကြောင်းတရားများစွာ ပေါင်းစုပြီး နည်းအမျိုးမျိုးနဲ့ အကျိုးတရားထုတ်လုပ်တာ ဆိုတဲ့ သဘောတရားကိုလည်း ကိုယ်ကိုယ့်ကိုယ် သတိရနေဖို့ပါ။ အနှိုင်းမဲ့မြတ်ဗုဒ္ဓရဲ့ အနှိုင်းမဲ့ဉာဏ်တော်ကြီးကိုလည်း ပူဇော်တဲ့သဘောပါ။
ကြာပန်းထည့်ရတာက ဓမ္မပဒဂါထာ ၅၈၊ ၅၉ ကို အဓိက ရည်ညွှန်းပါတယ်။
မီးလျှံတွင်းမှာ ပွင့်တဲ့ကြာ
( ဓ- ၅၈ - ၅၉ )
လမ်းမကြီးဘေး၊
စွန့်ပစ်ထားတဲ့ ရွံဖွယ်ပေါင်းစုံ အမှိုက်ပုံမှာ
စင်ကြယ်သန့်ရှင်း မွှေးရနံသင်းတဲ့
ပဒုမ္မာကြာပန်းကြီးဟာ
နှစ်သက်မြတ်နိုးဖွယ်ရာ တင့်တယ်ပေါ်ပေါက်
ပွင့်ထွန်းလာသလို …...

အမှိုက်ပုံကြီးနဲ့တူတဲ့ -
ကိလေသာများပြီး ဉာဏ်မျက်စိကန်းသူတွေကြားမှာ၊
(ကြာပန်းနဲ့တူတဲ့ -)
ဘုရားရှင်စကားနားထောင်သူဟာ
အသိလိမ္မာဉာဏ်ပညာနဲ့
ကြည်ညိုမြတ်နိုးစရာ၊
အလွန်တင့်တယ်နေပါတယ်။

{ အမှိုက်လို - ပုထုဇဉ်အကန်းတွေအလယ်မှာ၊
ကြာပန်းလို -  မြတ်ဗုဒ္ဓသာဝကဟာ
ပညာအလင်းနဲ့
နှစ်သက်မြတ်နိုးစရာ၊
တင့်တယ်လိုက်တာ။ }
၅၈.
ယထာ သင်္ကာရဌာနသ္မိံ ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။
၅၉.
ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

ကြာပန်းငယ် (၂၄)ပွင့်ကတော့ ရတနာသုံးပါးဂုဏ်တော်များ (၉+၆+၉=၂၄) ကို ရည်ညွှန်းပါတယ်။
ရတနာသုံးပါးဂုဏ်တော်တွေ ရေတွက်လို့မရ အနန္တကို အကျဉ်းချုပ်ပေါ့။

အဲဒီစိတ်ကူးအကြမ်းထည်ကို  ဦးဇင်းရဲ့မိတ်ဆွေ ဦးဇင်းဦးဝိမလ - တောင်ငူ ဆီကို Messenger ကတစ်ဆင့် လျောက်ထားပြီး အကူအညီတောင်းခံခဲ့ပါတယ်။ ဆရာတော်က အင်တာနက်က ပုံတွေထပ်ရှာပေးပြီး လိုအပ်သလို ပိုမိုကောင်းမွန်အောင် ပေါင်းစပ်ဖန်တီး ဒီဇိုင်းပြုပြင်ပေးခဲ့ပါတယ် ။ ဦးဝိမလ - တောင်ငူ ရဲ့ ကျွမ်းကျင်မှုကြောင့် မြတ်နိုးစရာပုံလေး(၃)ပုံ ထွက်လာပါတယ်။ဝမ်းသာလိုက်တာ။
ဒီပုံလေးတွေကို ဦးဇင်းရဲ့ ဓမ္မပဒအဖော်မွန် page ရဲ့ profile picture အဖြစ်သုံးမှာပါ။ တကယ်လို့ အဆင်ပြေတဲ့အချိန် စာအုပ်ထုတ်ဖြစ်ခဲ့ရင်လည်း သုံးမှာပါ။
တကယ်တော့ ဒီ လိုဂိုဒီဇိုင်း ဟာ စတင်တီထွင်တာမျိုးမဟုတ်ဘဲ ရှိပြီးသား ဒီဇိုင်းတွေကို သင့်တော်သလို ပေါင်းစပ်ဖန်တီးပြုပြင်ထားတာပါပဲ။ ဦးဝိမလ_တောင်ငူ  ပြင်ဆင်ရေးဆွဲပေးတဲ့ ဒီဇိုင်း ဟာ ဦးဇင်းစိတ်ကူးထဲက ဒီဇိုင်းထက် အများကြီးပိုကောင်းနေလို့ ဝမ်းသာရပါတယ်။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ ဒီပုံလေးတွေကို profile picture အဖြစ် တင်လိုက်ပါပြီ။
မြတ်ဗုဒ္ဓ၏ ဓမ္မပဒကိုလည်း စကားပြောဟန်နဲ့ ပူဇော်တင်ဆက်တော့မှာဖြစ်ပါကြောင်း ---

အရှင်ဉာဏဝရ (ပါရမီ)
18.8.2016
၁၃၇၈၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

blog တွင်လည်းဖတ်ရှုနိုင်ပါသည်

အောင်သိဒ္ဓိ
aungteikdi.blogspot.com

မနောကြာဖြူ
manawkyarphyu969.blogspot.com

ဓမ္မပဒအဖော်မွန်
dhammapada4u.blogspot.com

ဓမ္မပဒအဖော်မွန်
dhammapada4.blogspot.com

အရှင်ဉာဏဝရ(ပါရမီ)